Saturday, March 29, 2025

HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

  ရာဟုလာဆိုတဲ့ အမည်ကို ဗုဒ္ဓဘာသာအများ ရင်းနှီးပြီး ဖြစ်ကြမှာပါ။ သားတော်ရာဟုလာလို့လည်း သိနေကြပါတယ်။ ရာဟုလာ (၇)နှစ်သားအရွယ်မှာ မယ်တော်ရဲ့ ခိုင်းစေမှုနဲ့ အဖဘုရားထံမှာ လောကီအမွေ လာတောင်းတာကို ရှင်တော်ဗုဒ္ဓက လောကီအမွေ မပေးဘဲ လောကုတ္တရာအမွေ ပေးခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ ဖြစ်စေခဲ့ပါတယ်။ သာသနာ့ဘောင်မှာ ရောက်နေတဲ့ သားတော်ရာဟုလာကို မြတ်စွာဘုရားရှင်ဟာ

  “သံဃာဟူသည်” ************ သံဃာဆိုတဲ့အဓိပ္ပါယ်က ရှင်းရှင်းပြောရရင် အဖွဲ့အစည်းတစ်ခုလို့ အဓိပ္ပါယ် ထွက်ပါတယ်။ ဒါကို ထပ်ခွဲရင် ပရမတ္ထသံဃာ၊ သမုတိသံဃာဆိုပြီး နှစ်မျိုးထွက်လာတာ တွေ့ရမယ်။ ပရမတ္ထသံဃာဆိုတာ သစ္စာလေးပါးကို ထိုးထွင်းသိပြီး ရဟန္တာအရှင်မြတ်များကို ဆိုလိုပါတယ်။ သမုတိသံဃာဆိုတာကတော့ သိမ်ထဲမှာ ဥတ္တိစတုတ္ထကမ္မ၀ါစာနဲ့ ရဟန်းဖြစ်ခဲ့ပြီး မြတ်စွာဘုရားစကားတော်တွေကို လိုက်နာကျင့်ကြံနေတဲ့