HAZY LIFE


Jonas Ko Jonas ဆိုတဲ့  ကိုးဘွဲ့ရလို့လိမ်ညာနေတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ဖိုင်ကိုတင်ထားသူ ဖေ့ဘုတ်ယူဆာက  ဗုဒ္ဓဘာသာသီလရှင်နှစ်ဝါ ၀တ်ခဲ့ပြီး ခရစ်ယာန်ဘာသာသို့ပြောင်းသွားသည်ဆိုတဲ့ တိုင်းရင်းသူ Thet Mon ဆိုသူ၏ Witness ဆိုတဲ့ဖိုင်ကိုတင်ပြိး …….
  “သီလရှင် နစ်ဝါ....သင့်ဘယ်လိုထင်သလည်....ဘယ်လိုမြင်သလည်...တဲ့ အင်း ဦးဇင်းကိုရောမေးထားတော့ အမြင်ကိုတင်ပြရမှာပေါ့ …
        ပဗ္ဗဇိတ ရဟန်း (သီလရှင်)ဘာ့ကြောင့်ရဟန်းပြုခဲ့ပါသလဲ ငတ်လို့လား ဖြတ်ဖို့လား (ထမင်းငတ်လို့လား သံယောဇဉ် သံသရာ အကုသိုလ်ဖြတ်ဖို့လား )
    မိလိန္ဒပဥှာမှာတော့ ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်အမျိုးမျိုးရှိပုံကို ဒီလိုရှင်းထားပါတယ် --
                                 *ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်*
      မိလိန္ဒမင်းသည် ''အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့၏ ရဟန်းအဖြစ်သည် အဘယ်အကျိုး ရှိပါသနည်း၊ အသျှင်ဘုရားတို့ တောင့်တအပ် မြတ်သော အကျိုးကား အဘယ်ပါနည်း''ဟု မေးလျှောက်၏။
    နာဂသေနမထေရ်သည် ''မင်းမြတ် ဤသံသရာဆင်းရဲသည် အဘယ်သို့သော နည်းနာ အကြောင်းဖြင့် ချုပ်ငြိမ်းရာအံ့နည်းဟု ကြံစည်၍ ရဟန်းပြုကြရကား ငါတို့၏ ရဟန်းအဖြစ်သည် ဤ ပြဆိုခဲ့သည့် အကျိုးရှိ၏၊ ထို့ပြင် ငါတို့ တောင့်တအပ် မြတ်သော အကျိုးသည် တဏှာဒိဋ္ဌိကပ်ငြိ စွဲလမ်းခြင်း မရှိမူ၍ တဏှာညွှတ်မှ လွတ်မြောက်ရခြင်းပင်တည်း''ဟု ဖြေကြားတော်မူ၏။
     အသျှင်နာဂသေန မေးလျှောက်ပါဦးအံ့ ရဟန်းအားလုံးတို့သည်ပင် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုကြပါကုန်သလောဟု မေးလျှောက်၏။
     မင်းမြတ် အချို့သောသူတို့သည် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုသည် မဟုတ်ကုန်၊ အချို့သောသူတို့သည် မင်းနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
အချို့သောသူတို့သည် ခိုးသူနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
အချို့သောသူတို့သည် ကြွေးမြီနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
 အချို့သောသူတို့သည် အသက်မွေးဝမ်းကျောင်းအလို့ငှါ ရဟန်းပြုကုန်၏၊ …စသည်ဖြင့်
ရဟန်းပြုရခြင်းရည်ရွယ်ချက်အမျိုးမျိုးရှိကြောင်းဖြေကြားခဲ့ပေ၏ ။
      ရဟန်းပြုတယ် သီလရှင်ဝတ်တယ်ဆိုရုံနဲ့ အကျိုးများတာမှဟုတ်ပါဘူး အနေချောင်ရင် အသေတောင်ကြပ်တယ်လို့ ဆရာတော်ကြီးများမိန့်ခဲ့မဟုတ်လား ။တချို့က အသက်ကြီးလို့ အိုပယ်ဖြစ်လို့ ၀တ်လာတဲ့ ဇရာပဗ္ဗဇိတ ၊တချို့က မင်းဘေး အငတ်ဘေးကြောင့်လို့ဝတ်လာတဲ့ ဘယာပဗ္ဗဇိတ စသည်ဖြင့် များစွာရှိကြပါတယ်ုယင်းဆရာလေးလူထွက်ကတော့ သူဘာ့ကြောင့် ဗုဒ္ဓသာသနာဝင်လာတယ်ဆိုတာကို သိရပါ့မယ် ။ဒါ့ထက် ဘာ့ကြောင့်လူထွက်ပြီး ထိုင်းမှာ အလုပ်သွားလုပ်ရတယ်ဆိုတာလည်း
ပိုစိတ်ဝင်စားစရာကောင်းပါတယ် ။ လူထွက်ပြီဆိုကတည်းက သာသနာနဲ့မတန်လို့ပါပဲ ပါဠိလိုက ဟီနာယ ၀တ္တိတွာ ယုတ်နိမ့်သော လူ့အဖြစ်သို့ပြန်လည်၍တဲ့လေ ။
မသက်မွန်ကတော့ ပြောသွားပါတယ် သူဘာ့ကြောင့် သီလရှင်ဝတ်ရတယ်ဆိုတာလေ ဗုဒွဘာသာတွေအယူအဆက သီလရှင် ရက်လေးဆယ်ဝတ်ရင် မိခင်နို့တစ်လုံးဖိုးကျေတယ်ဆိုလို့နှစ်နှစ်တောင်ဝတ်လိုက်တယ်ဆိုပဲ အာဂသမီးလိမ်မာလေးပဲ (ကာက ကျီးလိမ္မာလေးတော့မဟုတ်ပါဘူး )မိခင်ကျေးဇူးနို့နှစ်လုံးဖိုးကျေအောင်ဆပ်နိုင်ခဲ့ပြီဆိုပါတော့ ။ ဒါပေမယ့် ဘုရားဟောပိဋကတ်သုံးပုံထဲမှာတော့ အဲလိုအဆုံးအမမျိုး မတွေ့မိပါဘူး ဘယ်ကဘယ်လိုကြားပြိး ဘယ်လိုရှာလာကာ မိမိသီလရှင်ဝတ်ရခြင်းအကြောင်းကို တင်ပြသွာပါလိမ့် ။
မိကို ညာက၊ ဖကို လက်ဝဲ၊ ကိုင်စွဲချီလျက်၊ ပုခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့်၊ ကျေးဇူးလှယ်ပြိုင်၊ မဆပ်နိုင်ခဲ့။ ( ရှင်မဟာရဋ္ဌသာရ)

မိဘကျေးဇူး၊ ကျွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဘကို၊ ဖျောင်းဖျချိုသာ၊ စေတနာနှင့်၊ သဒ္ဓါစသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကြိုးစားဆောင်က၊ မြားမြောင်ထွေထွေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတော် လမ်းစဉ်တည်း။ (စံကျောင်းဆရာတော်)



နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တို မိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်ခတ်လုယူ၊ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက်သေစာ၊ ပါဏာသူ့သတ်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ၊ လှူဒါမပြတ်၊ ပိဏ္ဍပါတ်လည်း၊ မလတ်နေ့တိုင်း၊ မရိုင်းကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာသုံးဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ ညောင်ရေလည်းသွန်း၊ ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက်ချချ၊ လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ တို့သားမြတ်ကို၊ ဆပ်ဆပ်ကျေးဇူးမိုး၏တည်း။ (အတုလအကျော် ခင်ကြီးဖျော်၊ ပုတ္တောဝါဒ)      အထက်ပါ အဆိုအမိန့်အဆုံးအမများကို ထောက်လျှင် မိဘများကိုကျေးဇူးဆပ်လိုလျှင် မိဘနှစ်ပါး သဒ္ဓါသီလစာဂပညာပွားများအောင်သာ ကြိုးစားကြရမှာမဟုတ်ပါလား ။မိမိကိုယ်တိုင် ၀ိမောက္ခအတွက်မဟုတ်ပဲ သူတစ်ပါးအတွက်သီလရှင်ဝတ်ပေးတယ် ဆိုတာလည်း ယုတ္တိယုတ္တာတော့ သိပ်မခိုင်မာလှပါဘူး ။
  သူခံယူချက် သူ့ဒဿနကိုပြောသွားပုံကတော့
      “လူပဲဖြစ်ဖြစ် သီလရှင်ပဲဖြစ်ဖြစ် ကြိုးစားရတယ် ကိုယ်လုပ်မှကိုယ်ရတယ် ဆိုတဲ့ အိုင်ဒီယာ ကျမမှာ အမြဲရိုက်ထည့်ထားတယ် “လိုဆိုတာပါပဲ ဒါပေမယ့် ခက်တာက ထည့်ရုံပဲထည့်သိမ်းထားပြိး ထုတ်မသုံးတော့ အကျိုးမများလှဘူးလို့ပဲ မြင်လိုက်မိတယ် စဉ်းစားကြည့်လေ သူမ အယူအဆလေးက ဘယ်လောက်လှပလိုက်သလဲ ကိုယ်ကြိုးစားမှ ကိုယ်လုပ်မှ ကိုယ်ရမယ်တဲ့ - ဦးဇင်းတှို့ဂေါတမ ဘုရားရှင်က အဲဒီလိုပဲ ဟောခဲ့တာပါ  အတ္တာဟိ အတ္တနော နာထော ကော ဟိ နာထော ပရော သိယာ - မိမိသည်သာ ကိုးကွယ်ရာပဲ သူတစ်ပါးက မိမိအတွက်ကိုးကွယ်အားထားရာမဟုတ်ပါဘူး (ထိုင်ဆုတောင်းနေလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ မဋ္ဌကုဏ္ဍလီ ဇာတ်မှာ အထင်ရှားဖော်ပြထားပြိးသားပါ) မိမိကိုယ်ကိုယ် အားမကိုးပဲ နတ်ကယ်ပါ ဘုရားကယ်ပါလုပ်နေရင် ဇာတံ သရဏတော ဘယံ ဆိုတဲ့အတိုင်း ကိုးကွယ်ရာမှ ဘေးဖြစ်လာနိုင်လို့ပါပဲ ။ဟုတ်တယ်လေ မိမိစွမ်းအားနဲ့ ရန်သူလက်ကဖောက်ထွက်လို့ရနိုင်ပါရက်နဲ့ ငါ့ကို အဖေလာကယ်မှာပဲ ပထွေးလာကယ်မှာပါ အစ်ကိုတော်တွေ မောင်တော်တွေ ချစ်သူရည်းစားတွေ ဓားချင်းယှဉ်ပြီး လာကယ်မှာပဲ မျှော်လင့်နေရင် ရန်သူလက်ချက်နဲ့အသက်ထွက်သွားဖို့သာရှိပါတယ် ။
     ဘုရားအလောင်းတော်ကိုယ်တော်တိုင် နုစဉ်ရသေ့တစ်ပါးဖြစ်ပြိး အကိုးကွယ်မှားခဲ့ကာ မီးနတ်ကိုလုပ်ကျွေးခဲ့ပုံ တစ်ကြိမ်မီးနတ်ကို နွားသားနဲ့ပူဇော်ဖို့ ပြင်ဆင်နေတုန်း ဆားမပါရင် မီးနတ်အရသာမရှိလောက်ဘူးဆိုပြိး ဆားသွားအလှုခံနေပါသတဲ့ ဒီတင် ခိုးသားတွေရောက်လာပြီး နွားကိုသတ်စားသွားကြဆိုပဲ ) ဘုရားလောင်းရသေ့ကြီးဆားထုတ်လေးကိုင်ပြီးရောက်လာမှ တွေ့လိုက်ရတာ နွားအမြီးနဲ့ ခေါင်းပိုင်းဝန်းထရံမှာ ချိတ်ကျန်ခဲ့ဆိုပဲ ဒီတင်မှ သူအမြင်မှန်ရသွားတယ် မီးနတ်က သူ့အတွက်ထားတဲ့အသားတောင်မှ မကာကွယ်မစောင့်ရှောက်နိုင်ရင် ငါ့ကိုဘယ်လိုစောင့်ရှောက်မလဲ ဒါအယူမှား မိစ္ဆာဝါဒပဲ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးတော့မယ်လို့ အယူမှားအားလုံးကို စွန့်ပစ်လိုက်ပါသတဲ့လေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ် ကြိုးစားလုပ်ကိုင်မှ ထမင်းဝအောင်စားရတယ်ဆိုတာလည်း ရှင်းပါတယ် ။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်လုပ်ခကိုယ်ရှာဖွေသုံးစွဲရပြီး အမေရိကန်သမ္မတကြိးကျေးဇူးတော်ကြောင့်ပါဆိုရင် သမ္မတအိုဘားမားကြားသွားရင် ရိလိမ့်မယ်လို့ပဲ တွေးမိပါရဲ့။  သူအခံယူချက်အတိုင်းသာ ဆက်လက်လျှောက်လှမ်းခဲ့ရင် အတ္တာ ဟိ အတ္တနော နာထော ဆိုတဲ့ ဘုရားဟောနဲ့ညီလို့ အကျိုးကြီးမှာအမှန်ပါပဲလို့ ဆိုပါရစေ ။အဲလိုပဲ ဆက်လက်ကျင့်သုံးနိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်မိပါရဲ့ ။
  သူတရားထိုင်ရခြင်းအကြောင်းရင်းနဲ့ အတွေ့ကြုံကို အခုလိုတင်ပြပါသေးတယ် ။
     “ကျမ စိတ်တွေအရမ်းညစ်ပြိးတော့ ဖားအောက်တောရကျောင်းမှာ ကျမ တရားသွာထိုင်တယ် ၊ တရားထိုင်တဲ့အချိန် ကျမအရမ်းပဲ လင်းပြီး ကျမ အရမ်းဝမ်းမြောက်ကြည်နူးခြင်း ခံစားရတယ် “
      တရားထိုင်တဲ့အခါမှ စိတ်ကတည်ညိမ် သမာဓိစွမ်းအားကြောင့် သြဘာသော ပီတိ ပဿဒ္ဓိ အဓိမောက္ခော စ ပဂ္ဂဟော သုခညာဏမုပဋ္ဌာနမုပေက္ခာ စ နိကန္တိစ ဆိုတဲ့ ၀ိပဿနာညစ်ညူးကြောင်းတွေ ပေါ်လာတတ်ပါတယ် ။
၁) သြဘာသ  - ခန္ဓာကိုယ်မှ အလင်းရောင်ထွက်ပေါ်ခြင်း၊
၂) ဉာဏ်   - အသိဉာဏ်ထက်မြက်လာခြင်း၊
၃) ပီတိ   - နှစ်သိမ့်ဝမ်းမြောက်နေခြင်း
၎) ပဿဒ္ဓိ   – ငြိမ်းအေးနေခြင်း၊
၅) သုခ  - ချမ်းသာနေခြင်း၊
၆) အဓိမောက္ခ - ယုံကြည်မှု ဆုံးဖြတ်ချက် များလာခြင်း၊
၇) ပဂ္ဂဟ  - ၀ီရိယ တိုးလာခြင်း၊
၈) ဥပဋ္ဌာန  - သတိထင်ခြင်း၊
၉) ဥပက္ခော - မျှတလွယ်ကူစွာ ရှုနိုင်လာခြင်း၊
၁၀) နိကန္တိ  - (အပေါ်ကိုးချက်၌) တွယ်တာကပ်ငြိနေခြင်း တို့ဖြစ်ပါတယ်။ 
         ယင်းတို့ကိုများ အရိယာမဂ်လို့ထင်လိုက်ရင်တော့ အမဂ္ဂကို မဂ်ရသည်ထင်တဲ့ အဓိမာနတွေဖြစ်လာပြီး တရားထူးရဖို့မလွယ်တော့ပါဘူး အလွန်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ် ခုပဲ သက်မွန်က သူတရားအားထုတ်တာ လင်းပြီး (သြဘာသ)အရမ်းဝမ်းမြောက်ကြည်နူးခြင်း (ပီတိ)ကိုခံစားရတယ်ဆိုပြီး သူမ တရားမှာ မည်မျှအဆင့်ရောက်ခဲ့ကြောင်း ပြောဆိုနေပုံပါပဲ ။ ဒါကလည်းမှန်မဟုတ်သေးပါဘူး ဒီဝိပဿနာညစ်ညူးကြောင်းကို တပ်နှစ်သက်မှု နိကန္တိမခွါနိုင်ရင် လိုရာပန်းတိုင်မရောက်နိုင်ဘူးလို့ အသေချာဆိုထားတာပါ ။ ဥပမာ ဘုရားလောင်းသာ မင်းစည်းစိမ် နဲ့ ကာမဂုဏ်အာရုံကို ယဇ်မူးနေခဲ့ရင် ဘုရားအဖြစ်ကိုရနိုင်မှာမဟုတ်ပါဘူး ။ခုလည်း ဒီတရားတွေသာ တရားထူးထင်ပြီး ၀ိပဿနာနဲ့ နိကန္တိမခွါနိုင်ခဲ့ရင် ရိပ်သာမှာ တစ်သက်လုံးဝင်လည်း လောကုတ္တရာ အကျိုးများဖို့မလွယ်ပါဘူး။

 “ ထွက်လာပြီးလို့ရှိရင် မစ္ဆရိယစိတ် အရမ်းများတယ် ။ သူများကိုမနာလိုတဲ့စိတ် သူများကို ကြည့်မရတဲ့ စိတ် အဲဒါတွေကပြန်ပါလာတယ် အဲဒါတွေက အပြစ်ပဲ ။ အရာအားလုံးဟာ အပြစ်ပဲ ဒီအပြစ်တွေ ဘယ်သူမှ လုပ်လို့မရဘူး ။ ဒါပေမယ့် ဒီကနေ့ သခင်ယေရှုကို ကျမ ယုံကြည်လာတဲ့အခါမှာ အပြစ်တွေအားလုံးကို ဆေးကြောပေးတယ် သခင်ယေရှုက ။ အသွေးတော်တန်ခိုးကြောင့် ကျမတို့အပြစ်ကို ဆေးကြောပြိးတော့ ဘုရားဖြစ်တယ် ။ အဲဒါကြောင့်မို့ ကျမမလုပ်နိုင်တဲ့အရာကို ဘုရားကလုပ်ပေးတယ် “
    လို့ ဗုဒ္ဓဘာသာ ရိပ်သာတွေကတောင် သူ့အကုသိုလ်အပြစ်ကို မဆေးကြောပေးနိုင်ကြဘူး ယေရှုနဲ့တွေ့မှာ သူ့အပြစ်တွေ ကွင်းလုံးကျွတ်လွတ်ရပေတယ်လို့ ဆိုထားတာတွေ့ရပြန်ပါတယ် ။ မိမိတို့သာသနာက သူတစ်ပါးအားကိုးလို့ရတဲ့အရာမှမဟုတ်ပဲ ဖားအောက်ရိပ်သာသွားလည်း ဖားအောက်ဆရာတော်ကြီးက နည်းပေးလမ်းပြရုံပဲ မိုးကုတ်သွားသွား မဟာစည်ကြွကြွ ဘယ်သူမှ အစားတရားအားထုတ်ပေးလို့ရတာမဟုတ်ပါဘူး နည်းနာနိဿျယူပြီး ကျင့်ကြံကြရတာပဲမလား ။ သာမန်လူမပြောနဲ့ ပရိယတ်အကျော် ရဟန်းတော်ကြီးတွေတောင် နှစ်ပေါင်းနှစ်ဆယ်ကျော်အားထုတ်မှတရားရကြတာတွေရှိတယ် ။ သူတစ်ပါးတွေ ခုနစ်နစ်သားရဟန္တာဖြစ်တိုင်း ငါဖြစ်ရမယ် မရပါဘူး သူ့ပါရမီနဲ့သူ အရှင်အာနန္ဒာပင်လျှင် သက်တော်ရှစ်ဆယ်ရောက်မှ သံဃာယနာမတင်ခင်လေး ကပ်ကာ ရဟန္တာဖြစ်တော်မူရတာ သတိရရမှာဖြစ်ပါတယ် ။နှစ်နှစ်ဆိုတဲ့ကာလလေးအတွင်းမှာ အကျိုးတစ်စုံတစ်ရာမမြင်လို့ နောက်ပြန်လှည့်တာခဲ့တာဆိုရင်လည်း ၀မ်းနည်းစရာပဲ ။ရိပ်သာကအပြန်မှာ တရားဓမ္မပါမလာတော့ပဲ ဆိုးမြဲ မိုက်မြဲ ပေမြဲ တေမြဲ ယေရှုနဲ့ကျမှ ကျွတ်သွားရတယ်လို့ ဆိုချင်ပေမယ့် မိမိစရိုက်ကိုသာဖော်ပြရာရောက်နေတာ အဖတ်တင်မှာပါပဲ ။
   ဟုတ်ပြီလေ ယေရှုခရစ်တော်က အပြစ်တွေဆေးကြောပြီးတဲ့နောက်မှာ မမွန်တစ်ယောက် အပြစ်ကင်းစင်တဲ့ သူတော်စင်တစ်ယောက်ဖြစ်သွားပါပြီလား ။ သူတစ်ပါးကိုလိမ်ညာတာတွေ သတ်တာဖြတ်တာတွေ လုပ်မိသေးလား ။ အဲလိုမလုပ်တောင်မှ ပရိယုဋ္ဌာနကိလေသာလို့ခေါ်တဲ့ ကိလေသာတွေ ထကြွသောင်းကျန်းပြိး ရာဂ ဒေါသ မောဟတွေ ငိုကြွေးမှု အလိုကျကလောဘ အလိုမကျက ဒေါသတွေ ဖြစ်လာသေးလား မေးရမှာ စစ်ဆေးရမှာဖြစ်ပါတယ် ။ ဒါတွေရှိသေးရင် သူတော်စင်လိမ်ပဲ အတွင်းပုတ်နေတဲ့ မစင်အိုးရွှေချထားမှုသက်သက်ပဲလို့သာပြောပါရစေ ။ ခရစ်တော် တစ်ကြိမ်အပြစ်ဆေးမပြောင်လို့ ချပ်ကျောင်းမှာပဲ အိမ်ဆောက်နေလိုက်ပါတော့ အမြဲဆေးရအောင်လေ ဆေးလိုက်တင်လိုက် ငါးကို ငါးညှီရေနဲ့ဆေးသလို ပိုလို့သာဆိုးသွားမှာစိုးလို့ပါပဲ ။
      ဒိလောက်နဲ့ပဲ ဦးဇင်းရဲ့ မမွန်ဆိုတဲ့ ခရစ်ယာန်ဘာသာဝင် သီလရှင်နှစ်ဝါ၀တ်ခဲ့ဖူးတဲ့ သာသနာပြု ညီမလေးတစ်ယောက်အပေါ်အမြင်ကို မေတ္တာများစွာဖြင့် တင်ပြလိုက်ပါတယ် ။
(Thet Mon Witness MCA Bangkok 7.09.2008   ဆိုတဲ့ဖိုင်ကိုကြည့်ရှုနားထောင်ကြည့်ကြရန် )

http://www.facebook.com/groups/184757141573196/300314070017502/?notif_t=group_activity

http://www.youtube.com/watch?v=TAHGsfthpR8
                                xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
      အရှင်ဘုရား သူများကိုရဟန်းဘာကြောင့်ဝတ်ရတယ် မေးမနေနဲ့ဦး အရှင်ကရော ဘာကြောင့်သာသနာကိုဝင်လာပါသလဲလို့မေးချင် သိချင်ကြမှာပဲ ဒါကိုလည်းရေးသား တင်ပြပြီးဖြစ်ပါတယ်  http://www.facebook.com/note.php?note_id=214568715296289

ဆရာတော်လင်္ကအရှင်

7 Responses so far.

  1. အဲ့ဒါတွေ က လုပ်စားနေကြတာပါ ငွေကြေးထောက်ပံ့လို့  အဲ့လိုတွေပြောတာ
    ယေရှူက စောင့်ရှောက်တယ် ဆင်းရဲက လွတ်တယ်လို့ ပြောတာ ထောက်ပံ့ထားလို့ လေ

  2. Anonymous says:

    http://messengerforbuddhist.blogspot.com/

    to show, to know really
    Takecare........

  3. ပါကျဲ says:

    သေရော

  4. Unknown says:

    သီလရှင် ဆိုတာ သာသနာမှမဟုတ်တာ။ရဟန်း သံဃာနဲမရောမိပါစေနဲ့။အဓိပ္ပါယ်မရှိတဲ့မေးခွန်း ဖြေချင်းဖြင့် အခြားအဓိပ္ပယ်ဖြစ်စေနိုင်တယ်။

  5. Mani says:

    အပြစ်တွေဆေးကြောပေးတာ မကြောပေးတာ သူက ဘယ်လိုသိလဲမသိဘူးနော်... အဲဒါလေးပဲသိချင်တာ....

  6. သင်ပြုတဲ့ကံ ပဲ့တင်သံ သင့်ထံပြန်လာမည်...

    ဒါလေးကို နားလည်သဘောပေါက်ရင်ပဲ လူဖြစ်ရကျိုးတော်တော်လေး နပ်နေပါပြီ...။

  7. sss says:

    တော်တော်ဦးနှောက်ဉာဏ်မရှိတဲ့သက်မွန်ပါလား။
    ယေရှုကအပြစ်တွေဆေးပေးတယ်ဆိုပါလား။
    ကိုယ်လုပ်သမျှ ကိုယ်ခံရမှာဘဲ။
    ဒါလေးတောင်နားမလည်ဘူးလား။
    ဒေါသထွက်တယ်

Leave a Reply