တခါတုန်းက ဥဒေနဘုရင်မင်းဟာ အရှင်ပဏ္ဌောလဆိုတဲ့ ရဟန္တာမထေရ်ကို “အရှင်ဘုရား အသက်အရွယ် ငယ်ပြီး ပျိုမြစ်နုနယ်သော ရဟန်းငယ်တွေဟာ ကာမဂုဏ်အားရုံကို မခံစားပဲ အသက်ထက်ဆုံး ဘုရားသာသနာကို ဘယ်လိုအကျင့်မြတ် များနဲ့ နေထိုင် ကုန်ဆုံးကြတာလဲ ဘုရား” လို့ မေးပါတယ်။
ရဟန်းတော်က ဘုရင်မင်းကြီး ဘုရားဟောသည့်အတိုင်း “အမေအရွယ်ရှိသူကို အမေ. နှမအရွယ်ရှိသူကို နှမ. သမီးအရွယ်ရှိသူကို ...သမီး” လို့ စိတ်ထားကြပြီး နေထိုင်လို့ သာသနာမှာ ပျော်မွေ့ကြတယ်ဆိုတာကို ပြောပြပါတယ်။ ဘုရင်မင်းက ဒါလောက်နဲ့ မကျေနပ်တာမို့ အရှင်ဘုရား စိတ်ဆိုတာ မလွယ်ဘူးဘုရား အမေအရွယ် နှမအရွယ် သမီးအရွယ်လဲ တဏှာ ရာဂဆိုတာဖြစ်တယ်မို့လားဘုရား တခြားအကြောင်းများ ဘုရားဟော မရှိတော့ဘူးလား ဘုရားလို့ မေးပါတယ်။
အရှင်မြတ်က ဘုရင်းမင်းကြီး ဘုရားဟောသည့်အတိုင်း “ ချစ်သား ရဟန်းတို့ သင်တို့ လာကြကုန်လော့အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ အရှင်ဘုရား ဒါကလည်း အတော်ခက်ပါတယ် ဘုရား တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား ဘုရား